မားကတ်တင်းမူကြို
အခုခေတ်မှာ AI သုံးပြီး Content ရေးတာ Plan ဆွဲတာ လူတိုင်းလုပ်တတ်နေကြပါပြီ။ ဒါပေမယ့် AI ထုတ်ပေးလိုက်တဲ့အရာက ကိုယ့်လုပ်ငန်းနဲ့ တကယ်ကိုက်ရဲ့လား၊ မှန်လား မှားလားဆိုတာ Marketing အခြေခံအုတ်မြစ်မရှိရင် ဘယ်လိုမှ မဆုံးဖြတ်နိုင်ပါဘူး။ အခြေခံမရှိဘဲ AI ကိုပဲ ပုံအောသုံးနေတာဟာ ပုဆိန်အတုံးကြီးနဲ့ သစ်ပင်ကို အတင်းထိုင်ခုတ်နေသလိုပါပဲ။ အားသာကုန်မယ်၊ အချိန်သာကုန်မယ်၊ တကယ်တမ်း သစ်ပင်က လဲကျမလာဘဲ ရေရှည်မှာ လုပ်ငန်းပါ တိုင်ပတ်လာလိမ့်မယ်။ AI ဆိုတဲ့ အစွမ်းထက်လက်နက်ကို အမိအရ အသုံးချနိုင်ဖို့ ခိုင်မာတဲ့ Marketing Foundation ကို ဒီအတန်းမှာ အစကနေ ပြန်တည်ဆောက်ပေးသွားမှာပါ။ ဒီအတန်းကနေ ဘာတွေ သင်ယူရမလဲလုပ်ငန်းတစ်ခုလုံးရဲ့ Marketing ယန္တရားတစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်မယ့် လက်တွေ့ကျကျ Module ၁၀ ခုနဲ့ ဖွဲ့စည်းထားပါတယ်။